System 286 (On Going) Arc 1.1(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီအခုေရာက္ေနတဲ့ကိုယ္က မင္ရွီးလို႔ေခၚတဲ့ေကာင္ေလးတစ္ေယာက္.. ။ ငယ္ငယ္ကတည္းက မိဘေတြဆံုးသြားလို႔ အေဒၚျဖစ္သူကေမြးစားထားတာ.။အေဒၚျဖစ္သူကစီပြားေရးမေျပလည္လို႔ မင္႐ွီးတစ္ေယာက္ အခ်ိန္ပိုင္းအလုပ္လုပ္ပီး ကိုယ့္အသံုးစရိတ္ကိုယ္႐ွာရတယ္..။
မွတ္ဥာဏ္ေတြျပန္စစ္ရင္းနဲ႔ ကယ္ရီတစ္ေယာက္ မင္႐ွီးဆိုတဲ့ေကာင္ေလးကို သနားရမလိုလို …ေသဟဆိုပီးပဲေျပာရမလိုလိုေတာင္ျဖစ္လာတယ္..။

ဒီကမာၻက ဇာတ္လိုက္က ဟန္ယြင္..။သူက S group က CEO ရဲ႕တစ္ဦးတည္းေသာသား..။ လံုးဝ ေရႊဇြန္းကိုက္ပီးေမြးလာတဲ့သူေပါ့..။ဇာတ္လိုက္မ နာမည္က ယူရီ ။ ဇာတ္လိုက္မ ကလူလတ္တန္းစားထဲကပဲ မခ်မ္းသာဘူး ။ ဒါေပမယ့္ ဇာတ္လိုက္မ ဆိုတဲ့အတိုင္းပဲ ဇာတ္လိုက္နဲ႔ မဆံုမေနရေအာင္ ကံၾကမၼာႀကီးကဖန္တီး..။ ဇာတ္လိုက္ သူ႔သူငယ္ခ်င္းေတြနဲ႔ ေဘာလံုးကန္ေနခ်ိန္ ေဘာလံုးကြင္းနားကိုေရာက္လာ ။ ဇာတ္လိုက္ကန္လိုက္တဲ့ ေဘာလံုးက ဇာတ္လိုက္မကိုသြားမွန္ ။ အဲ့မွာ ဇာတ္လမ္းေတြျဖစ္….အဆင္ကိုေျပလို႔။ အဆင္မေျပေနတာက ဗီလိန္ (ေအးေလ ဘယ္ေျပေနပါ့မလဲ) သူက ဇာတ္လိုက္မကိုငယ္ငယ္ကတည္းကႀကိဳက္ခဲ့ရတဲ့သူ ။ သူ႔နာမည္က ခ်င္းခ်ိဳး….

သူ႔ရဲ႕နည္းလမ္းမမွန္ခ်ဥ္းကပ္မႈေတြေၾကာင့္ ဇာတ္လိုက္မကျပန္မႀကိဳက္တဲ့သူ႔ျမင္ကိုလန္႔ပီးပတ္ေျပးေနရတယ္။ဒါနဲ႔မင္႐ွီးဆိုတဲ့ေကာင္ေလးလား..?သူကေတာ့ ေျမာစာပင္အေျမႇာက္စာေလးေပါ့။

မင္႐ွီးနဲ႔ ဇာတ္လိုက္မက ငယ္ငယ္ကတည္းကခင္လာတဲ႔သူေတြ။ မင္ရွီး အေဒၚနဲ႕ ဇာတ္လိုက္မအေမက ငယ္သူငယ္ခ်င္းေတြမလို႔ သူတို႔ႏွစ္ေယာက္က ငယ္ငယ္ကတည္းကရင္းႏွီးၾကတယ္။ခ်င္းခ်ိဳး ကလိုက္ကပ္တဲ့အခါတိုင္း ဇာတ္လိုက္မက မင္႐ွီးေနာက္မွေနပီး အကာကြယ္ယူကာ ခ်င္းခ်ိဳး ကိုအျမဲတမ္းေမာင္းထုတ္ေလ့႐ွိတယ္။မင္႐ွီးက လူတကာကို ကူညီတတ္တဲ့ေကာင္ေလးမလို့ ဇာတ္လိုက္မကသူ႔ကိုအသံုးခ်ေနမွန္းမသိဘဲ ဇာတ္လိုက္မကို ကာကြယ္ေပးရင္း ခ်င္းခ်ိဳး ကိုရန္စမိသလိုျဖစ္သြားတယ္။ ခ်င္းခ်ိဳး ကလည္းဇာတ္လိုက္နဲ႔အားျခင္းမယွဥ္ႏိုင္ေတာ့ သူေဒါသေတြအကုန္ ဘာေနာက္ခံမွမ႐ွိတဲ့ မင္႐ွီးအေပၚ ပံုခ်ေတာ့တယ္။ မင္႐ွီးကို အုပ္စုဖြဲ႔ပီးဝိုင္းအႏိုင္က်င့္တယ္။မင္႐ွီးအခ်ိန္ပိုင္းအလုပ္ကေနအထုတ္ခံရေအာင္လုပ္တယ္။ေက်ာင္းမွာလဲ သူခိုးလို႔စြပ္စြဲပီး ေက်ာင္းထုတ္ခံရေအာင္လုပ္တယ္။ ဇာတ္လိုက္မကဒါေတြမသိဘူးလားေမးရင္ သိတာေပါ့..သိပ္ကိုသိတာေပါ့။ ခ်င္းခ်ိဳး နဲ႔ ျပသာနာမျဖစ္ခ်င္လို႔ မျမင္ခ်င္ေယာင္ေဆာင္ေနတာေလ။

မင္႐ွီးတစ္ေယာက္ ေက်ာင္းထုတ္ခံရတဲ့အျပင္ သူ႔အေဒၚကလည္းအေျကြးမ်ားမဆပ္နိုင္ေတာ့၍ထြက္ေျပးသြားသည္..။ မင္႐ွီး၏အေဒၚကိုမေတြ႔ေတာ့ ေငြတိုးေခ်းသူေတြကလည္း မင္႐ွီးအားေခါင္းပီးအေႂကြးေတြဆပ္ခိုင္းေတာ့တယ္။ မင္႐ွီးမွာအေႂကြးပင္လယ္ထဲနစ္ကာ လမ္းမွား႔ေရာက္သြားေတာ့သည္။ သူအခ်ိန္ပိုင္းလုပ္ေနတဲ့ ကလပ္ကသူငယ္ခ်င္းရဲ႕ မိတ္ဆက္ေပးမႈေၾကာင့္ မင္႐ွီး မူယစ္ေဆးဝါးမ်ားအား ဝယ္သူထံပို႔ေပးရတဲ့အလုပ္ကိုရခဲ့တယ္.။ မင္႐ွီး ထိုအလုပ္လုပ္ရင္း အတိုးမ်ားမွန္မွန္ေပးႏိုင္ေသာ္လည္း အရင္းမွာမူအိမ္မက္ပင္မမက္ႏိုင္ေခ် ။ ထို႔ေၾကာင့္ မင္႐ွီး စြန္႔စားကာ သူေဌး၏လက္ေအာက္သို႔ဝင္ကာ တရားမဝင္အလုပ္မ်ားစတင္လုပ္ေတာ့သည္..။ တစ္ရက္မင္႐ွီးတို႔အဖြဲ႔ လက္ႏွက္ေမွာင္ခိုကူးရင္း တစ္ဖက္အဖြဲ႔ႏွင့္ၿငိကာ ရန္ပြဲစတင္ျဖစ္ပြားခဲ့တယ္။ထိုရန္ပြဲတြင္ ေသဆံုးသူေတာ္ေတာ္မ်ားခဲ့သည္။ မည္သည့္ကိုယ္ခံပညာမွမတတ္ကြၽမ္းေသာ မင္႐ွီးသည္လည္း ေသဆံုးသူမ်ားထဲတြင္ တစ္ေယာက္အပါအဝင္ျဖစ္သည္ ။

ကယ္ရီ သက္ျပင္းအ႐ွည္ႀကီးခ်မိတယ္…
“System အဲ့ေတာ့ ငါကဒီ မင္႐ွီးဆိုတဲ့ ငတံုးေနရာကေနမစ္႐ွင္လုပ္ရမွာေပါ့…..ဟုတ္လား?”

System: “ဟုတ္ပါတယ္ Host…
Host လုပ္ရမဲ့မစ္႐ွင္က
ဇာတ္လိုက္နဲ႔သူငယ္ခ်င္းျဖစ္ေအာင္ေပါင္းပါ.[Point -150]
ခ်င္းခ်ိဳး ၏ရန္ကိုေ႐ွာင္႐ွားပါ..[Point -200]
Hidden mission ႐ွာေဖြပါ..[Point -500]…”

“ဘာ point 500 ဟုတ္လား??! Hidden mission ကဘာလဲ”

System: “Hidden mission က Hostကိုယ္တိုင္႐ွာေဖြရမွာပါ..။ မစ္႐ွင္ထမ္းေဆာင္ေနတုန္း Host OOC ျဖစ္လို႔မရပါဘူး။ OOC ျဖစ္ရင္ point အႏုတ္ခံရပါမယ္”

“အဲ့တာမွ ဒုကၡ…. ငါလူေတြကိုေၾကာက္တယ္။ မစ္႐ွင္ထဲမွာ ဇာတ္လိုက္နဲ႔လဲသူငယ္ခ်င္းျဖစ္ေအာင္လုပ္ရအံုးမယ္ ခ်င္းခ်ိဳးရန္ကလဲေ႐ွာင္ရအံုးမယ္.။ငါ လုပ္ႏိုင္ပါ့မလား..?”

System :”Host ဒါကအခြင္အေရးပဲ..။Hostရဲ႔လူေျကာက္တတ္တဲ႔ေရာဂါ ေပ်ာက္ေတာင္ေပ်ာက္ႏိုင္တယ္။ မင္႐ွီးက လူတကာကိုကူညီတတ္တဲ႔ေကာင္ေလးမလို႔ လူတိုင္းကခ်စ္ျကတယ္..။စိတ္မပူပါနဲ႔…. Hostလုပ္ႏိုင္ပါတယ္…”

“ေကာင္းပီေလ ….ငါႀကိဳးစားၾကည့္ရမွာေပါ့..။ဒါနဲ႔ ငါမွန္သြားၾကည့္လိုက္အံုးမယ္ ငါဘယ္လိုပံု႐ွိလဲဆိုတာ သိခ်င္လို႔ “

ကယ္ရီတစ္ေယာက္ ေရခ်ိဳးခန္းထဲကမွန္ေ႐ွ႕ေရာက္ေတာ့ မွန္ထဲမွာျမင္လိုက္ရတာက အသားေဖြးေဖြး ႏႈတ္ခမ္းရဲရဲ အညိဳေရာင္ဆံပင္ခပ္အုပ္အုပ္ေလးနဲ႔ ေကာင္ေလးတစ္ေယာက္..။ ဝိုင္းစက္ေနတဲ့ မ်က္ဝန္းလွလွေလးကို မ်က္မွန္တစ္လက္နဲ႔ဖုန္းအုပ္ထားတယ္..။ ၾကည့္လိုက္တာနဲ႔႐ိုးသားျဖဴစင္တဲ့ေကာင္ေလးမွန္း သိသာတယ္..။ကယ္ရီေရခ်ိဳးခန္းထဲကျပန္ထြက္လာေတာ့တစ္ခ်က္ ႐ႈပ္ပြေနေသာအိပ္ခန္းက သူ႔ကိုႀကိဳဆိုေနသေယာင္ေယာင္။ ကယ္ရီ သက္ျပင္းခ်ပီး အခန္းသန္႔႐ွင္းေရးစလုပ္ေတာ့သည္။

” ဟူးးး… ေမာလိုက္တာ…
အခုမွပဲသန္႐ွင္းသြားေတာ့တယ္ ။ ဒီေကာင္ေတာ္ေတာ္ညစ္ပတ္တာပဲ…”

System: “Host မနက္ျဖန္ေက်ာင္းစတက္ရမွာေနာ္.။ဇာတ္လိုက္မ နဲ႔အတတ္ႏိုက္ဆံုးေဝးေဝးေ႐ွာင္ရင္ေကာင္းလိမ့္မယ္..”

“ေအးပါ..ငါသိပါတယ္…ဇာတ္လိုက္မကိုသာ ေဝးေဝးေ႐ွာင္ႏိုင္ရင္ ခ်င္းခ်ိဳးနဲ႔လည္း ရန္စ ျဖစ္စရာအေၾကာင္းမ႐ွိေတာ့ဘူး။ အဲေတာ့ ငါလည္းမစ္႐ွင္ေအာင္ျမင္ပီးသားျဖစ္မယ္ ..”

System: “ေတာ္လိုက္တဲ့ Host.. :-] “

“မနက္ျဖန္ ေက်ာင္းစတက္ရမွာဆိုေတာ့ ….”
System: “Host ဘာအစီစဥ္ေတြဆြဲမလို႔လဲ..?”
“အားျပည့္သြားေအာင္ အိပ္မယ္လို႔ေျပာမလို႔ပါ “

System: “🌚”
[ေမးမိတာငါ့အမွား]

” ကဲ…. အိပ္ပီ..Good night “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီအခုရောက်နေတဲ့ကိုယ်က မင်ရှီးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်.. ။ ငယ်ငယ်ကတည်းက မိဘတွေဆုံးသွားလို့ အဒေါ်ဖြစ်သူကမွေးစားထားတာ.။အဒေါ်ဖြစ်သူကစီပွားရေးမပြေလည်လို့ မင်ရှီးတစ်ယောက် အချိန်ပိုင်းအလုပ်လုပ်ပီး ကိုယ့်အသုံးစရိတ်ကိုယ်ရှာရတယ်..။
မှတ်ဉာဏ်တွေပြန်စစ်ရင်းနဲ့ ကယ်ရီတစ်ယောက် မင်ရှီးဆိုတဲ့ကောင်လေးကို သနားရမလိုလို …သေဟဆိုပီးပဲပြောရမလိုလိုတောင်ဖြစ်လာတယ်..။

ဒီကမ္ဘာက ဇာတ်လိုက်က ဟန်ယွင်..။သူက S group က CEO ရဲ့တစ်ဦးတည်းသောသား..။ လုံးဝ ရွှေဇွန်းကိုက်ပီးမွေးလာတဲ့သူပေါ့..။ဇာတ်လိုက်မ နာမည်က ယူရီ ။ ဇာတ်လိုက်မ ကလူလတ်တန်းစားထဲကပဲ မချမ်းသာဘူး ။ ဒါပေမယ့် ဇာတ်လိုက်မ ဆိုတဲ့အတိုင်းပဲ ဇာတ်လိုက်နဲ့ မဆုံမနေရအောင် ကံကြမ္မာကြီးကဖန်တီး..။ ဇာတ်လိုက် သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးကန်နေချိန် ဘောလုံးကွင်းနားကိုရောက်လာ ။ ဇာတ်လိုက်ကန်လိုက်တဲ့ ဘောလုံးက ဇာတ်လိုက်မကိုသွားမှန် ။ အဲ့မှာ ဇာတ်လမ်းတွေဖြစ်….အဆင်ကိုပြေလို့။ အဆင်မပြေနေတာက ဗီလိန် (အေးလေ ဘယ်ပြေနေပါ့မလဲ) သူက ဇာတ်လိုက်မကိုငယ်ငယ်ကတည်းကကြိုက်ခဲ့ရတဲ့သူ ။ သူ့နာမည်က ချင်းချိုး….

သူ့ရဲ့နည်းလမ်းမမှန်ချဉ်းကပ်မှုတွေကြောင့် ဇာတ်လိုက်မကပြန်မကြိုက်တဲ့သူ့မြင်ကိုလန့်ပီးပတ်ပြေးနေရတယ်။ဒါနဲ့မင်ရှီးဆိုတဲ့ကောင်လေးလား..?သူကတော့ မြောစာပင်အမြှောက်စာလေးပေါ့။

မင်ရှီးနဲ့ ဇာတ်လိုက်မက ငယ်ငယ်ကတည်းကခင်လာတဲ့သူတွေ။ မင်ရှီး အဒေါ်နဲ့ ဇာတ်လိုက်မအမေက ငယ်သူငယ်ချင်းတွေမလို့ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းကရင်းနှီးကြတယ်။ချင်းချိုး ကလိုက်ကပ်တဲ့အခါတိုင်း ဇာတ်လိုက်မက မင်ရှီးနောက်မှနေပီး အကာကွယ်ယူကာ ချင်းချိုး ကိုအမြဲတမ်းမောင်းထုတ်လေ့ရှိတယ်။မင်ရှီးက လူတကာကို ကူညီတတ်တဲ့ကောင်လေးမလို့ ဇာတ်လိုက်မကသူ့ကိုအသုံးချနေမှန်းမသိဘဲ ဇာတ်လိုက်မကို ကာကွယ်ပေးရင်း ချင်းချိုး ကိုရန်စမိသလိုဖြစ်သွားတယ်။ ချင်းချိုး ကလည်းဇာတ်လိုက်နဲ့အားခြင်းမယှဉ်နိုင်တော့ သူဒေါသတွေအကုန် ဘာနောက်ခံမှမရှိတဲ့ မင်ရှီးအပေါ် ပုံချတော့တယ်။ မင်ရှီးကို အုပ်စုဖွဲ့ပီးဝိုင်းအနိုင်ကျင့်တယ်။မင်ရှီးအချိန်ပိုင်းအလုပ်ကနေအထုတ်ခံရအောင်လုပ်တယ်။ကျောင်းမှာလဲ သူခိုးလို့စွပ်စွဲပီး ကျောင်းထုတ်ခံရအောင်လုပ်တယ်။ ဇာတ်လိုက်မကဒါတွေမသိဘူးလားမေးရင် သိတာပေါ့..သိပ်ကိုသိတာပေါ့။ ချင်းချိုး နဲ့ ပြသာနာမဖြစ်ချင်လို့ မမြင်ချင်ယောင်ဆောင်နေတာလေ။

မင်ရှီးတစ်ယောက် ကျောင်းထုတ်ခံရတဲ့အပြင် သူ့အဒေါ်ကလည်းအကြွေးများမဆပ်နိုင်တော့၍ထွက်ပြေးသွားသည်..။ မင်ရှီး၏အဒေါ်ကိုမတွေ့တော့ ငွေတိုးချေးသူတွေကလည်း မင်ရှီးအားခေါင်းခံပီးအကြွေးတွေဆပ်ခိုင်းတော့တယ်။ မင်ရှီးမှာအကြွေးပင်လယ်ထဲနစ်ကာ လမ်းမှားရောက်သွားတော့သည်။ သူအချိန်ပိုင်းလုပ်နေတဲ့ ကလပ်ကသူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် မင်ရှီး မူယစ်ဆေးဝါးများအား ဝယ်သူထံပို့ပေးရတဲ့အလုပ်ကိုရခဲ့တယ်.။ မင်ရှီး ထိုအလုပ်လုပ်ရင်း အတိုးများမှန်မှန်ပေးနိုင်သော်လည်း အရင်းမှာမူအိမ်မက်ပင်မမက်နိုင်ချေ ။ ထို့ကြောင့် မင်ရှီး စွန့်စားကာ သူဌေး၏လက်အောက်သို့ဝင်ကာ တရားမဝင်အလုပ်များစတင်လုပ်တော့သည်..။ တစ်ရက်မင်ရှီးတို့အဖွဲ့ လက်နှက်မှောင်ခိုကူးရင်း တစ်ဖက်အဖွဲ့နှင့်ငြိကာ ရန်ပွဲစတင်ဖြစ်ပွားခဲ့တယ်။ထိုရန်ပွဲတွင် သေဆုံးသူတော်တော်များခဲ့သည်။ မည်သည့်ကိုယ်ခံပညာမှမတတ်ကျွမ်းသော မင်ရှီးသည်လည်း သေဆုံးသူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည် ။

ကယ်ရီ သက်ပြင်းအရှည်ကြီးချမိတယ်…
“System အဲ့တော့ ငါကဒီ မင်ရှီးဆိုတဲ့ ငတုံးနေရာကနေမစ်ရှင်လုပ်ရမှာပေါ့…..ဟုတ်လား?”

System: “ဟုတ်ပါတယ် Host…
Host လုပ်ရမဲ့မစ်ရှင်က
ဇာတ်လိုက်နဲ့သူငယ်ချင်းဖြစ်အောင်ပေါင်းပါ.[Point -150]
ချင်းချိုး ၏ရန်ကိုရှောင်ရှားပါ..[Point -200]
Hidden mission ရှာဖွေပါ..[Point -500]…”

“ဘာ point 500 ဟုတ်လား??! Hidden mission ကဘာလဲ”

System: “Hidden mission က Hostကိုယ်တိုင်ရှာဖွေရမှာပါ..။ မစ်ရှင်ထမ်းဆောင်နေတုန်း Host OOC ဖြစ်လို့မရပါဘူး။ OOC ဖြစ်ရင် point အနုတ်ခံရပါမယ်”

“အဲ့တာမှ ဒုက္ခ…. ငါလူတွေကိုကြောက်တယ်။ မစ်ရှင်ထဲမှာ ဇာတ်လိုက်နဲ့လဲသူငယ်ချင်းဖြစ်အောင်လုပ်ရအုံးမယ် ချင်းချိုးရန်ကလဲရှောင်ရအုံးမယ်.။ငါ လုပ်နိုင်ပါ့မလား..?”

System :”Host ဒါကအခွင်အရေးပဲ..။Hostရဲ့လူကြောက်တတ်တဲ့ရောဂါ ပျောက်တောင်ပျောက်နိုင်တယ်။ မင်ရှီးက လူတကာကိုကူညီတတ်တဲ့ကောင်လေးမလို့ လူတိုင်းကချစ်ကြတယ်..။စိတ်မပူပါနဲ့…. Hostလုပ်နိုင်ပါတယ်…”

“ကောင်းပီလေ ….ငါကြိုးစားကြည့်ရမှာပေါ့..။ဒါနဲ့ ငါမှန်သွားကြည့်လိုက်အုံးမယ် ငါဘယ်လိုပုံရှိလဲဆိုတာ သိချင်လို့ “

ကယ်ရီတစ်ယောက် ရေချိုးခန်းထဲကမှန်ရှေ့ရောက်တော့ မှန်ထဲမှာမြင်လိုက်ရတာက အသားဖွေးဖွေး နှုတ်ခမ်းရဲရဲ အညိုရောင်ဆံပင်ခပ်အုပ်အုပ်လေးနဲ့ ကောင်လေးတစ်ယောက်..။ ဝိုင်းစက်နေတဲ့ မျက်ဝန်းလှလှလေးကို မျက်မှန်တစ်လက်နဲ့ဖုန်းအုပ်ထားတယ်..။ ကြည့်လိုက်တာနဲ့ရိုးသားဖြူစင်တဲ့ကောင်လေးမှန်း သိသာတယ်..။ကယ်ရီရေချိုးခန်းထဲကပြန်ထွက်လာတော့တစ်ချက် ရှုပ်ပွနေသောအိပ်ခန်းက သူ့ကိုကြိုဆိုနေသယောင်ယောင်။ ကယ်ရီ သက်ပြင်းချပီး အခန်းသန့်ရှင်းရေးစလုပ်တော့သည်။

” ဟူးးး… မောလိုက်တာ…
အခုမှပဲသန်ရှင်းသွားတော့တယ် ။ ဒီကောင်တော်တော်ညစ်ပတ်တာပဲ…”

System: “Host မနက်ဖြန်ကျောင်းစတက်ရမှာနော်.။ဇာတ်လိုက်မ နဲ့အတတ်နိုက်ဆုံးဝေးဝေးရှောင်ရင်ကောင်းလိမ့်မယ်..”

“အေးပါ..ငါသိပါတယ်…ဇာတ်လိုက်မကိုသာ ဝေးဝေးရှောင်နိုင်ရင် ချင်းချိုးနဲ့လည်း ရန်စ ဖြစ်စရာအကြောင်းမရှိတော့ဘူး။ အဲတော့ ငါလည်းမစ်ရှင်အောင်မြင်ပီးသားဖြစ်မယ် ..”

System: “တော်လိုက်တဲ့ Host.. :-] “

“မနက်ဖြန် ကျောင်းစတက်ရမှာဆိုတော့ ….”
System: “Host ဘာအစီစဉ်တွေဆွဲမလို့လဲ..?”
“အားပြည့်သွားအောင် အိပ်မယ်လို့ပြောမလို့ပါ “

System: “🌚”
[မေးမိတာငါ့အမှား]

” ကဲ…. အိပ်ပီ..Good night “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.1(မင္႐ွီး), novel System 286 (On Going) Arc 1.1(မင္႐ွီး), read System 286 (On Going) Arc 1.1(မင္႐ွီး) online, System 286 (On Going) Arc 1.1(မင္႐ွီး) chapter, System 286 (On Going) Arc 1.1(မင္႐ွီး) high quality, System 286 (On Going) Arc 1.1(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 2